အာဆင်နယ်အသင်းနဲ့   ခရစ္စတယ်ပဲလေ့စ်အသင်းတို့ အောက်တိုဘာ ၂၆  ရက် ညပိုင်းက    ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့ပြီး     အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ပွဲစဉ်မှာ အိမ်ကွင်းအမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းအတွက်  တစ်လုံးတည်းသောအနိုင်ဂိုးကို   ပထမပိုင်း ပွဲကစားချိန် ၃၉ မိနစ်မှာ အက်ဇီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၉)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဒုတိယနေရာက ဘုန်းမောက်အသင်းကို လေးမှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၉) ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့်(၁၀) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက် ညပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ပရီမီယာလိဂ်ပွဲစဉ်တွေမှာတော့ ဘုန်းမောက်အသင်းက နော့တင်ဟမ်ဖောရက်စ်အသင်းကို  နှစ်ဂိုး-ဂိုးမရှိ၊  အက်စ်တွန်ဗီလာအသင်းက မန်စီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဘန်လေအသင်းက ဝုလ်ဗာဟမ်တန်အသင်းကို သုံးဂိုး-နှစ်ဂိုး စသည်ဖြင့် အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်