ပုသိမ်ကြီး အောက်တိုဘာ ၂၆

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃)ထပ်တိုးဖြင့် နိုင်ငံသားကတ် ဆောင်ရွက်ခြင်းနှင့် UID ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက် ကျေးရွာ ရန်ကုန်ကျောင်းတိုက်၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက လဝကမှူး ဦးမျိုးဝင်းကြိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

အဆိုပါနေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အောင်မြေသာစံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ ခရိုင်ပညာရေးမှူး ဦးသောင်းဒန်၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်ကြီးမြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းတို့က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။      

 

မြို့နယ်(ပြန်/ဆက်)