အောက်တိုဘာ ၂၇

အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုများ ငါးနှစ်ကြာရပ်ဆိုင်းထားပြီးနောက် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် တိုက်ရိုက်ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါတိုက်ရိုက်ပျံသန်းမှုပြန်လည်စတင်ခြင်းကို အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်၏ မြို့တော် ကာလကတ္တားရှိ Netaji Subhash Chandra Bose အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ ပျံသန်းခြင်းဖြင့် စတင်ခဲ့သည်ဟု သိရသည်။

IndiGo မှစတင်ကာ 6E1703 လေယာဉ်ဖြင့် ခရီးသည် ၁၇၆ ဦး လိုက်ပါသွားခဲ့သည်ဟု ကာလကတ္တားလေဆိပ်အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်းမှုများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပျံသန်းမှုရပ်ဆိုင်းခြင်းမပြုမီ ၂၀၂၀ အစောပိုင်းကာလအထိ နှစ်နိုင်ငံအကြား ပျံသန်းမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို