အောက်တိုဘာ ၂၇

အမေရိကန်ရေတပ် လေယာဉ်နှစ်စင်း တောင်တရုတ်ပင်လယ်တွင် ယမန်နေ့က ပျက်ကျခဲ့ကြောင်း အမေရိကန် ပစိဖိတ်ရေတပ်က ပြောကြားခဲ့သည်။

MH-60 ရဟတ်ယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ပျက်ကျခဲ့ပြီး F/A-18 တိုက်လေယာဉ်တစ်စင်းသည် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပျက်ကျခဲ့သည်ဟု ပစိဖိတ်ရေတပ်က ဆိုသည်။

အဆိုပါရေတပ်၏ ပြောကြားချက်အရ ၎င်းတို့သည် ပုံမှန်လုပ်ငန်းများကို သီးခြားစီ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်အမှုထမ်းအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး အခြေအနေတည်ငြိမ်ကောင်းမွန်မှုရှိကြောင်း ဖော်ပြထားသည်။

ထိုမတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းရေတပ်က ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို