ထရီပိုလီ  အောက်တိုဘာ  ၂၆

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းမြို့ ဆာ့တာတွင်ရှိသော ဆာ့တာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို  ၁၂ နှစ်ကြာ ပိတ်ထားခဲ့ရပြီးနောက် အောက်တိုဘာ ၂၅ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း လစ်ဗျားသတင်းအေဂျင်စီတွင်ဖော်ပြထားသည်။ လေဆိပ်ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသည်တင်လေယာဉ်သုံးစင်း ဆိုက်ရောက်ခဲ့သည်ဟု သိရသည်။

ခရီးသည်တင်လေယာဉ်နှစ်စင်းမှာ ထရီပိုလီမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လစ်ဗျားနိုင်ငံပိုင်  မက်စကိုင်းလေကြောင်းလိုင်းနှင့် ဘူရတ်ခ်လေကြောင်းလိုင်းတို့မှ လေယာဉ်များဖြစ်ကြသည်။ တတိယခရီးသည်တင်လေယာဉ်မှာ   ဘန်ဂါဇီမြို့မှ  ထွက်ခွာလာခြင်းဖြစ်ပြီး   ဘာနစ်ခ်လေကြောင်း လိုင်းမှ လေယာဉ်ဖြစ်သည်။

လေဆိပ်ဧရိယာမှာ ၂၅ စတုရန်းကီလိုမီတာဖြစ်ပြီး  နှစ်စဉ် ခရီးသည် ၅၀၀၀၀၀ အထိ ဝန်ဆောင်မှုပေးနိုင်ရန် ဒီဇိုင်းထုတ် ထားကြောင်း သိရသည်။ အဆိုပါလေဆိပ်သည် ၂၀၁၃ ခုနှစ်ကတည်း က  ပဋိပက္ခများနှင့် အပျက်အစီးများကြောင့် ပိတ်ထားခဲ့ရသည်။ ကုလသမဂ္ဂ အစီရင်ခံစာအရ ဆာ့တာမြို့သည်  ထရီပိုလီနှင့်  ဘန်ဂါဇီမြို့ကြားတွင်ရှိပြီး အဓိကရေနံထုတ်လုပ်သည့် နေရာများ၊   တင်ပို့သည့်ဆိပ်ကမ်းများနှင့် နီးကပ်သည်။                                                 

ဆင်ဟွာ