ရန်ကုန် အောက်တိုဘာ ၂၇

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြာ/စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် သမိုင်းကြောင်း အတွေ့အကြုံပေါ်မူတည်ပြီး “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရားများကို သိရှိနားလည်စေရေးတို့အတွက် ဦးတည် လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ မိမိအလုပ်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် မိမိတို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး အနာဂတ် နိုင်ငံတော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် စည်းကမ်းရှိ၍ စနစ်တကျ လုပ်ဆောင်နိုင်သော၊ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုကြောင်း မှာကြားသည်။

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ အမှတ်စဉ် (၁၄)ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၁၈  ရက်ထိ သင်တန်းသား ၄၇ ဦး၊ သင်တန်းသူ ၄၄ ဦး စုစုပေါင်း ၉၁ ဦးဖြင့်  ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်