ကလော အောက်တိုဘာ ၂၇

 

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့မောမြေဦးပန်းခြံနှင့် ရိုးရာမီးရှော်တိုင်နှင့်  မီးကြာစံထွန်းညှိပူဇော်ပွဲကျင်းပမည့်ကွင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ရှမ်းပြည်နယ်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများသည်   အများပြည်သူအပန်းဖြေ   လာရောက်ကြသည့်  ကလောမြို့ မောမြေဦးပန်းခြံ၌ ဒီဇင်ဘာလအတွင်း ပန်းပွဲတော်ပြုလုပ်မည်ဖြစ်၍   ပြင်ဆင် ဆောင်ရွက်ထားရှိမှု  အခြေအနေများနှင့်  ကလောမြို့ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ  ပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရ  ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မှန်ဆောင်ပွဲကြည့်စင် တည်ဆောက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)