တောင်ကြီး အောက်တိုဘာ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်က တစ်ခါသုံး ပလတ်စတစ်အပါအဝင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမရှိစေရေး၊ စနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့် တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများသုံးစွဲမှုလျှော့ချရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

 

ထို့အတူ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကလောမြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများအား အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ Recycle Bag များ ဖြန့်ဝေပြီး ဟဲဟိုးမြို့ အခြေခံပညာအထက်တန်းကျောင်း(အင်းခေါင်း)တွင် တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှုလျှော့ချ ခြင်းခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စိုးလင်း(တောင်ကြီး)