နေပြည်တော်   အောက်တိုဘာ   ၂၇

၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊    တပ်မတော် (ကြည်း၊  ရေ၊  လေ)  အမျိုးသား၊ အမျိုးသမီးဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို   ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ (သုဝဏ္ဏ)၌ ပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊  တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

ဦးစွာ   တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်အဖြစ် ပြိုင်ပွဲဝင်အသင်းများ၏ အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အားကစားနည်းများအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသောအသင်းများအား တာဝန်ရှိသူများကလည်းကောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းနှင့် ဆင့်ပွားဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ် ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား  တိုင်းမှူးက တံခွန်စိုက်ဒိုင်းဆုနှင့်   ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း   ဂျုဒိုပြိုင်ပွဲအား ခတ၊  အတိုက်၊   အသင်းလိုက် အမျိုးသား၊    အမျိုးသမီးတို့ဖြင့် အမျိုးအစား   သုံးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်  အသင်း   ၁၂   သင်းဖြင့် အောက်တိုဘာ  ၂၂  ရက်မှ ယနေ့အထိ  ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်