မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး ကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ် စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ပါ ပထဝီ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အဆင့်မြင့်ပညာရေးတွင် သုတေသနအရေးပါမှု အကြောင်းအရာများကို ဟောပြောပို့ချ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေး အဖွဲ့တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် လူငယ်ကိုယ်စားလှယ်များနှင့် ကျောင်းသား ကျောင်းသူများက လူငယ်စစ်တမ်းများကို ဖြေဆိုခဲ့ကြပြီး စစ်တမ်းစစ်ဆေးတွေ့ရှိချက် အချို့နှင့်သုတေသန အခွင့်အလမ်းများအကြောင်းကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


