ပူတာအို အောက်တိုဘာ ၂၇
ကချင်ပြည်နယ် ပူတာအိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ တပ်သားဆန်ဒေါင်းဖောင်(အငြိမ်းစား) အား ပူတာအိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အသက် (၁၀၁) နှစ်ပြည့် ဂါရဝပြုဂုဏ်ပြုချီးမြှင့်ငွေများကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ ပေးအပ်သည်။
ဦးစွာ တာဝန်ရှိသူများက အသက် (၁၀၁) နှစ်ပြည့် တပ်သား ဆန်ဒေါင်းဖောင် (အငြိမ်းစား)အား ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပူတာအိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


