ကလော အောက်တိုဘာ ၂၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ် ဝါးရုံပင်ကျေးရွာအုပ်စု ဝါးရုံပင်ကျေးရွာတွင် ရွှေရင်‌အေး စိုက်ပျိုး‌ရေးနှင့် အ‌ထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ စိုက်ပျိုးထားသည့် မိုးစပါး စိုက်ခင်းကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ‌သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် မိုးစပါးစီမံကိန်း (သက်တံ့‌ရောင်စီမံကိန်း) သီးနှံစိုက်ပျိုးဆောင်ရွက် လျက်ရှိသည့်‌ ရွှေရင်အေး စိုက်ပျိုးရေးနှင့် အ‌ထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ စိုက်ကွင်းအမှတ် (၂)၊ အသင်းသား ၁၉ ဦးတွင် ရွှေရင်အေး စပါးမျိုးဧက ၁၀၀ စိုက်ပျိုးထား‌ရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသင်းမှလိုအပ်သော ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)