ရန်ကုန် အောက်တိုဘာ ၂၇

 

မြောက်ဥက္ကလာပ မြို့နယ် သူနာပြုသင်တန်းကျောင်းတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းတွင်ပြုလုပ်ခဲ့သည်။

 

မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်သူရစိုးက မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်မှု ဖြစ်ပွားစဉ် ရှောင်ရှားသင့်သည့် အချက်များနှင့် လိုက်နာရန်အချက်များ၊ မီးသတ်ဆေးဘူး သုံးစွဲနည်းများစသည့် အကြောင်းအရာများကို အသိပေးဟောပြောခဲ့သည်။

 

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သင်တန်းသား သင်တန်းသူများအား ဂတ်(စ်)မီးဖိုကို မီးငြှိမ်းသတ်ပုံ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံများ၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်မှု များစသည့် မီးငြှိမ်းသတ်ပုံအမျိုးမျိုးတို့ကို သင်တန်းသား သင်တန်းသူများကိုယ်တိုင် ပါဝင် လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)