မြန်အောင် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက် ပရိက္ခရာလမ်းရှိ မြို့မနေခြည်ဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန်ရှိသူများနှင့် ဈေးကော်မတီအဖွဲ့များပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အသိပညာပေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲအောင်နှင့် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့မဈေးအတွင်း မီးဘေးကာကွယ်တားဆီးနိုင်ရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးမှာကြားခြင်းနှင့် ဈေးဆိုင်များအတွင်း၌ လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေး ပစ္စည်းများ ထားသိုသုံးစွဲမှုအခြေအနေများ၊ ရေလုံလောက်အောင်ရရှိနိုင်ရေး၊ ဈေးဝန်းကျင် မီးသတ်ရေငုတ်များကိုစစ်ဆေးကာ လိုအပ်သည်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


