ကျွန်းလှ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်လင်းဟန် ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်းများထားရှိခြင်းနှင့် ကောင်းမွန်ခြင်းရှိ/မရှိ၊ ရေကန်များ ရေဖြည့်တင်းခြင်း ရှိ/မရှိတို့ကို စစ်ဆေးပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


