မိတ္ထီလာ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ကိုယ်ပိုင်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်ဇေယျ ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ ကိုယ်ပိုင်ကျောင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်တင့်၊ အတွင်းရေးမှူး ဦးဖိုးသန်းနှင့် အားကစားကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွေးတို့က ပြိုင်ပွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသားဘောလုံးပြိုင်ပွဲကို စတင်ကျင်းပသည်။
အဆိုပါ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲတို့ပါဝင်ပြီး အားကစားပြိုင်ပွဲများကို အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


