နေပြည်တော် အောက်တိုဘာ ၂၈

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပိုက အလုပ်ခွင် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုး ခံစားခွင့် ထုတ်ပေးခြင်းအကြောင်း ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပိုက ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်း ဖြစ်သည့် အာမခံအလုပ်သမား ဒေါ်ငြိမ်းချမ်းအေးသည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြောင့် လုပ်ငန်းခွင် ထိခိုက်သေဆုံးခဲ့သည့်အတွက် ဒေါ်ငြိမ်းချမ်းအေး၏ ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၉၉၀၀၀၀၀ ကို ခင်ပွန်းဖြစ်သူ  ဦးကျော်ဇေယျာမြင့်အား၏ ဌာနဆိုင်ရာ  တာဝန်ရှိသူများ ရှေ့မှောက်တွင်  ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

 

ကြေးမုံ