မြိတ် အောက်တိုဘာ ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) ကို ယမန်နေ့က ဖွင့်လှစ်သည်။

 

သင်တန်းကို ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ် ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်း ဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံ သင်ခန်းစာများနှင့် အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။

 

ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ အမျိုးသမီးငယ် ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)