အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိနည်းပြ အီဂေါတူဒေါကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ ခရိုအေးရှားနိုင်ငံသား နည်းပြ အီဂေါတူဒေါဟာ မတ်လအတွင်းက သီယာဂိုမော့တာရဲ့နေရာမှာ အစားထိုးနည်းပြအဖြစ် စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ယခုဘောလုံးရာသီပြိုင်ပွဲစုံ သုံးပွဲဆက်ရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီး ပွဲစဉ်ရှစ်ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့ကာ အီတလီစီးရီးအေ အမှတ်ပေးဇယားမှာလည်း အဆင့်(၈)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးက နာပိုလီအသင်းနဲ့ ခြောက်မှတ်အထိ ကွာနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ နည်းပြအီဂေါတူဒေါကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်မှာ အူဒီးနီးစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် စီးရီးအေပွဲစဉ်မှာ ဘရမ်ဘီလာ က တာဝန်ယူကိုင်တွယ်မှာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အဖွင့်ပွဲစဉ်သုံးပွဲမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၂၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်