ယောင်ဒေး  အောက်တိုဘာ  ၂၈

ကင်မရွန်းသမ္မတ   ပေါလ်ဘီယာသည်  အသက် ၉၂ နှစ်အရွယ်တွင် သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရကြောင်း၊  အတိုက်အခံကို ထောက်ခံသူများက   ရွေးကောက်ပွဲတွင်  မဲမသမာမှုရှိသည်ဟုဆိုကာ ပေါလ်ဘီယာကို ဆန့်ကျင်ဆန္ဒပြလျက်ရှိကြောင်း    အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

နှစ်ပေါင်း ၄၀ ကြာ တာဝန်ထမ်းဆောင်ခဲ့

ကင်မရွန်းအာဏာပိုင်များသည် အောက်တိုဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဘီယာက ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရရှိခဲ့သည်ဟု အောက်တိုဘာ ၂၇ ရက်တွင် ပြောသည်။ ကမ္ဘာ့အသက်အကြီးဆုံး  အုပ်ချုပ်သူအဖြစ် လူသိများသော ဘီယာသည် သမ္မတအဖြစ် နှစ်ပေါင်း ၄၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၂ နှစ်တွင် သမ္မတအဖြစ် ပထမဆုံးအကြိမ်    ရွေးကောက်ခံခဲ့ရကြောင်း၊   ၎င်း၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး   စိုးရိမ်ပူပန်မှုများရှိသော်လည်း ယခုအခါတွင်  နောက်ထပ်  ခုနစ်နှစ်ကြာ သမ္မတတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင်  ဆက်လက်ဖော်ပြထားသည်။

လေးပုံ တစ်ပုံနီးပါး ဆင်းရဲချို့တဲ့စွာ နေထိုင်ကြ

ရေနံကြွယ်ဝသော ကင်မရွန်းနိုင်ငံသည် စွမ်းအင်တင်ပို့မှုများမှ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြု လျက်ရှိကြောင်း၊ သို့သော်လည်း နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံနီးပါးမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရကြောင်း၊ ကြွယ်ဝချမ်းသာမှု ကွာဟ ချက်နှင့် လူငယ်ပိုင်း အလုပ်လက်မဲ့ပြဿနာမှာ လူမှုအသိုင်းအဝိုင်း၏ အဓိကပြဿနာများ ဖြစ်လာလျက်ရှိကြောင်း သိရသည်။                                                                                      

အင်န်အိတ်ချ်ကေ