တာချီလိတ် အောက်တိုဘာ ၂၈

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း က ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦသက်ဆွေဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်တို့က အသက်(၁၈)နှစ်အထက် မြေပြင်အတည်ပြု လူဦးရေစာရင်း ပြင်ဆင်၊ ဖြည့်စွတ်၊ ပယ်ဖျက်၊ အတည်ပြုခြင်းလုပ်ငန်းများ၊ ခရီးလွန်သူများ ပြန်လည်ရောက်ရှိပါက မြေပြင်စာရင်းတွင်ပြန်လည် ထည့်သွင်းနိုင်ရေး၊ ကိုင်ဆောင် လက်မှတ်မရှိသူများ မကျန်ရှိစေရေးနှင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရေးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)