အောက်တိုဘာ ၂၉

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရဝက်ဘ်ဆိုက်တွင်ယနေ့ ဖော်ပြထားသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် ဒါနန်မြို့တွင် ခြောက်ဦး၊ ဟွေးမြို့တွင် တစ်ဦးနှင့် ကွမ်ငိုင်းပြည်နယ်တွင် နှစ်ဦး သေဆုံးခဲ့သည်ဟု အမျိုးသားအရပ်ဘက်ကာကွယ်ရေးဦးဆောင်ကော်မတီရုံး၏ ပြောကြားချက်အရ သိရသည်။

အစည်းအဝေးဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်က ရေကြီးမှုဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစည်းအဝေးတွင် အလွန်ပြင်းထန်သော ရေကြီးမှုဖြစ်ရပ်တစ်ခုနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒေသအများအပြားတွင် စံချိန်တင်မိုးရွာသွန်းမှုများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

ဟွေးနှင့် ဒါနန်မြို့ရှိ မြို့နယ်နှင့် ရပ်ကွက်ပေါင်း ၄၀ အနက် ၃၂ ခုတွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၀၀၀၀ ကျော် ထိခိုက်ခဲ့ရကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး ထရန်ဒတ်ထန်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က မြေပြိုမှုနှင့် ရေကြီးရေလျှံမှုအန္တရာယ်ရှိသော ဒေသများမှ ဒေသခံများ ဆက်လက်ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ဘေးသင့်သောရပ်ရွာများအတွက် အစားအစာ၊ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ၊ သန့်ရှင်းသောရေနှင့် ပိုးသတ်ဆေးများ လုံလောက်စွာ ထောက်ပံ့ပေးရန် ဒေသန္တရအာဏာပိုင်များကို တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို