ပျော်ဘွယ် အောက်တိုဘာ ၂၈
ပျော်ဘွယ်မြို့နယ်၌ စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ဖက်တောကျေးရွာ၊ ရှင်သန်ခြင်း လယ်/ထွေ အသင်းသား တောင်သူ စိုက်ပျိုးထားသည့်စိုက်ခင်းမှ ဝါများစတင်ဆွတ်ခူးနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ယမန်နေ့က သွားရောက်ကြည့်ရှုသည်။
သမဝါယမအသင်းသားတောင်သူအနေဖြင့် B-31 ဝါမျိုးလေးဧက စိုက်ပျိုးထားရှိပြီး မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်အိရတနာထွန်းက စံသတ်မှတ်ချက်ပြည့်မီစွာ ထွက်ရှိနိုင်ရန်အတွက် အထူးဂရုပြုရမည့် အချက်များ၊ ယခု ဝါများဆွတ်ခူးချိန်တွင် အသင်းသားတောင်သူများ ဈေးကောင်းရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


