ခင်ဦး ၁၇ မတ်
စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီတို့သည် ဈေးကွက်အတွင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြို့ပေါ် (၅)ရပ်ကွက်ရှိ ဈေးဆိုင်များနှင့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးတင့် ဦးဆောင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များသည် မြို့ပေါ်(၅)ရပ်ကွက်ရှိ သောက်ရေသန့်၊ ဖျော်ရည်၊ မုန့်မျိုးစုံတို့ကို ထုတ်လုပ်ရောင်ချနေသော လုပ်ငန်ရှင်များအား ထုတ်လုပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ပါဝင်ရမည့် အချက်အလက်များနှင့် FDA မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ထုတ်လုပ်ရောင်ချရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရပ်ကွက်အသီးသီးရှိ ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များ၊ အလှကုန်ပစ္စည်း ဈေးဆိုင်များ၊ စားသောက်ဆိုင်များကို FDA မှ တားမြစ်ထားသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရန်နှင့် တရားဝင် ခွင့်ပြုထားသော စားသောက်ကုန်များ၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် ဟောပြော၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


