ရန်ကုန် အောက်တိုဘာ ၂၉

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)မြို့နယ် စာပေဥယျာဉ် (Book Club ) အသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လာမည့် နတ်တော်လ စာဆိုတော်နေ့အကြို စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (အင်းစိန်) လူထုအခြေပြုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် အသင်းဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၂)စာရေးဆရာ၊ သတင်းစာဆရာဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)က စာရေးဆရာ မောင်ရိုး ရေးသားထုတ်ဝေခဲ့သော “ လွမ်းရ တမ်းတပါ့ ငဖဲမြေ ’’ ကျွန်တော်တို့ရွာ ကျွန်တော်တို့ဓလေ့ စာအုပ်ပါအကြောင်းအရာများ၊ စာရေးဆရာမ ပျိုပျို ယောဂ (သစ်တော)က ယောဂနည်းပညာနှင့် ရောဂါကုထုံးများအကြောင်းနှင့် မောင်ပန်းဝေ (ညောင်တုန်း)က ဝန်ထမ်းလောကနှင့် ဘဝသံသရာ ကဗျာအကြောင်း စိတ်ဝင်စားဖွယ် ဟန်ပန်အပြည့်ဖြင့် ဆွေးနွေးဟောပြောသွားကြပြီး တက်ရောက်လာကြသည့် စာရေးဆရာအသင်းနှင့် စာပေဥယျာဉ်အသင်းဝင်များ ဖြစ်ကြသော ဆရာ စိန်ညိုမင်း (ထန်းတပင်)၊ ပျိုပျို(ယောဂ)၊ မင်းသီဟ ရာဇာ(လှိုင်သာယာ)နှင့် ခင်မောင်နိုင် (ဝေဒ)တို့က သိလိုသည်များကို မေးမြန်း ဆွေးနွေးအမြင်ချင်း ဖလှယ်ကြကာ အသင်းနာယက ဆရာ ဦးသက်တင် (မောင်သာတင့်-မြန်အောင်)က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြား၍ ဦးဆောင်ဆွေးနွေးသူများနှင့် ပြောင်းရွှေ့သွားမည့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းတို့အား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။            

 

မြင့်ဦး