မုဒုံ အောက်တိုဘာ ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိက စာသင်ကျောင်းဆောင် ဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက် မြို့နယ်အားကစားကွင်းအရှေ့ရှိ မြေနေရာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင် ဆောက်လုပ်မည့် မြေနေရာအား ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးနှင့် ပြည်နယ်ဝန်ကြီးများက ပန္နက်တင်မင်္ဂလာပြုပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)