ဂန့်ဂေါ အောက်တိုဘာ ၂၉

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။    

              

အဆိုပါ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်သည့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများနှင့် စားသောက်ဆိုင်များ၊ ဈေးကြီးအတွင်း မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်မှု အခြေအနေများ၊ မီးသတ်ဆေးဘူး အသုံးပြုရမည့် နည်းလမ်းများ၊ ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့ကို  စစ်ဆေးကာ ဈေးအတွင်းရှိ ရေဂါလန် ၄၆၀၀ ဆံ့ အမြင့်တင်ရေစင်နှစ်စင်၊ ရေဂါလန် ၁၆၀၀၊ ၁၀၀၀ နှင့် ၅၀၀ ဆံ့ ရေကန်သုံးကန်နှင့် မီးသတ်ရေငုတ် ခြောက်ခုတို့မှ ရေပက်ဖျန်းနိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း  သိရသည်။              

မောင်မျိုးမင်း