ရန်ကုန် အောက်တိုဘာ ၂၉
မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဆရာစံလမ်း ရွာသာကြီးစက်မှုဇုန်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၃၀၀ တို့အား အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ငါးဦး ပါဝင်သောအဖွဲ့က စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင် ရွက်ခြင်း၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး နည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းသန်းအေး


