ပြည် အောက်တိုဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ (၂၆၁၄) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ ရက်က စတင်ကျင်းပလျက်ရှိရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကာ ပွဲဈေး လာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူး စည်ကားလျက်ရှိသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်၌ ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများနှင့် မြန်မာ့ရိုးရာ ခြင်းအလှခတ် ပြိုင်ပွဲများ ပါဝင်ကာ ဒေသထွက်ကုန်ပစ္စည်းနှင့် ရိုးရာအစားအစာများ အပါအဝင် ဒေသတွင်းနှင့် အနယ်နယ်အရပ်မှ ရိုးရာအစားအစာများ‌၊ အသုံးအဆောင်ပစ္စည်းများ လာရောက်ရောင်းချသည့် ပွဲဈေးဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပွဲတော်ကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် ကျင်းပမည်ဖြစ်သည်။     

 

ကိုဆက်(ပြန်/ဆက်)