ပုသိမ် အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)တွင် ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ အမျိုးသားU-12 မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ (၅၀)ပက်လက်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀) ရင်ပေါင် တန်းကူးပြိုင်ပွဲ၊ အမျိုးသားမီတာ (၅၀)လိပ်ပြာကူး ပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် အမျိုးသားဒိုင်ဗင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ နည်းပြ အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အမျိုးသမီးမီတာ(၅၀) လက်ပစ်ကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသမီးဒိုင်ဗင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား များ၏ ရေကူးနှင့် ဒိုင်ဗင်သရုပ်ပြသမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် သင်တန်းကို အောက်တိုဘာ ၁၀ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


