ကျွန်းလှ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန်ကျည်းအင်းကျေးရွာ ရွာတွင်းလမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးခိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းနှင့် ဝန်ထမ်းများက ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ မန်ကျည်းအင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၅ဝဝ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ဂျင်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးရာ စီမံကိန်းရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင် ငွေကျပ် ၂ ဒသမ ၁ သန်း စုစုပေါင်း ငွေကျပ် ၁၇ ဒသမ ၁ သန်းဖြင့် အောက်တိုဘာလ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)


