ဒေးဒရဲ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြို တင်ကာကွယ်နိုင်ရေးအတွက် အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်နှိုးဆော် သတိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်လက်ထောက်ဦးစီးမှူးဦးကျော်ဇောလင်း ဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဒေးဒရဲမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ နေအိမ်တိုင်းတွင် ရေလုံလောက်စွာထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များထားရှိရေး၊ ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ပါက နေအိမ်အပေါ်ထပ်များတွင် ချက်ပြုတ်ခြင်း မပြုကြရန် သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


