ရန်ကုန် အောက်တိုဘာ ၃၀
၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် (ဗိုလ်ချုပ်ကြီး မဟာသရေစည်သူ စိုးဝင်း)နှင့်ဇနီး သီရိပျံချီ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ)မိသားစုနှင့် ဦးကျော်ညွန့်ရည် - ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည် စာပေ) တို့က အလှူငွေကျပ် ဆယ်သိန်းစီ၊ စာရေးဆရာ မြင့်စိုး(နတလ)က ငွေကျပ် ခုနစ်သိန်း၊ သာကေတမြို့နယ်စာရေးဆရာအသင်းက ငွေကျပ် ငါးသိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ငွေကျပ် သုံးသိန်း၊ ဝဏ္ဏကျော်ထင် ဦးသိုက်ထွန်း- အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ကြည် မိသားစု၊ ဦးမောင်မောင်မြင့်အေး-ဒေါက်တာစောယုနွယ် (လာဘ်မိုးဆွေ စာပေတိုက်)နှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်နှစ်သိန်းစီ၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ထပ်မံလှူဒါန်းငွေကျပ် ၁၂၀၀၀၀၊ ဗိုလ်ချုပ်စိန်ထွား (ငြိမ်း) (ညိုထွေး)၊ ဒုတိယဗိုလ်မှူးကြီး ဖေငြိမ်း (ငြိမ်း) (ကျော်စောဟန်)၊ သူရဇော်-(ခင်-တိုင်းရင်းမေ)၊ စာရေးဆရာ တင့်တယ်မိသားစု။
ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစောငွေ(မောင်ငွေအိုး)၊ ရေနံ့သာဝင်းမောင်၊ စာရေးဆရာ ရာမညမင်းသက်နိုင်၊ အမျိုးသား စာပေဆုရ ရွှေဒါးမောင်မြင့်ထွန်း၊ ဦးသာစိန်(ကပ္ပတိန်သာစိန်)၊ စာရေးဆရာမ မေဧပရယ်မိုး၊ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့၊ သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်း၊ မင်္ဂလာဒုံမြို့နယ်စာရေးဆရာအသင်း၊ ကြည့်မြင်တိုင်မြို့နယ်စာရေးဆရာအသင်း၊ ပုသိမ်မြို့နယ် စာရေးဆရာအသင်းနှင့် ကော့မှူးမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဦးဝင်းနိုင် (မင်းဆက်ပိုင်)၊ ဦးဗညွန့်(ကျွန်းစဉ် မြေစောခက်)၊ ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းနှင့် တိုက်ကြီးမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဦးမောင်ကျော့ (မောင်မောင်ကျော့-ပလက်ဝ)က ငွေကျပ် လေးသောင်း၊ ဆရာမောင်ခေတ်ထွန်း- ဒေါ်မြင့်မြင့်ရီ(ဒေါ်လေးမြင့်မြင့်ရီ)၊ သဉ္ဇာလှိုင် (လားရှိုး)နှင့် ပေါင်းတည်မြို့နယ်စာရေးဆရာအသင်းက ငွေကျပ်သုံးသောင်းစီ၊ ဒေါ်တင်သိန်းလှ(တက္ကသိုလ်ပွင့်လန်း)၊ သာပေါင်းမြို့နယ် စာရေးဆရာအသင်းနှင့် သန်လျင်မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် နှစ်သောင်းစီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးစိုးဝင်း(တက္ကသိုလ် စိုးယဉ်)-စာရေးဆရာမ(မလေးယဉ်) မိသားစုက ငွေကျပ်၂၉ သိန်းတန်ဖိုး ရှိစာအုပ်များ၊ စာရေးဆရာမ ပွင့်(ရန်ကုန်)က ငွေကျပ် ခုနစ်သိန်း တန်ဖိုးရှိ စာအုပ်များနှင့် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့(ဗဟို)က ငွေကျပ် ၄၀၅၀၀၀ တန်ဖိုးရှိစာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)နှင့် အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်း သူ-ကြို့ပင်ကောက်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁ -၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


