မုံရွာ   အောက်တိုဘာ   ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ် ရေးဌာနခွဲကဦးဆောင်၍ စပါး၊ ပဲတီစိမ်း၊ မတ်ပဲတွင် ပိုးသတ်ဆေးကင်းစင်ရေး နည်းလမ်းများ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့က တိုင်းဒေသကြီးမြေ၊ မျိုး၊ ပိုး ရုံးသင်တန်းခန်းမ၌ ပြုလုပ်သည်။

 

ပြောကြား

 

ဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံက  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။

 

ဆက်လက်ပြီး တောင်သူများထံသို့ တမာပိုးသတ်ဆေးများကို တာဝန်ရှိသူများက ပေးအပ်သည်။ ယင်းနောက် တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မာချိုက စပါး၊ ပဲတီစိမ်း၊ မတ်ပဲတွင် ပိုးသတ်ဆေးကင်းစင်ရေး နည်းလမ်းများအကြောင်းကို  သင်တန်းသား  သင်တန်းသူများအား  အ‌သေးစိတ် ရှင်းလင်းသင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။   

 

ခရိုင်(ပြန်/ဆက်)