အောက်တိုဘာ ၃၁

တောင်ယောက်ရှိုင်းယားပြည်နယ် ဒွန်ကတ်စတာမြို့ ရဟတ်ယာဉ်ပျက်ကျမှုတွင် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ယမန်နေ့ကအတည်ပြုခဲ့သည်။

ရဟတ်ယာဉ်သည် ယမန်နေ့နံနက်ပိုင်းက ရက်ဖို့ဒ်ဂမ်စတန်လေဆိပ်မှ ပျံတက်ပြီးမကြာမီ ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၄၁ နှစ်အရွယ် လေယာဉ်မှူးအမျိုးသားတစ်ဦးနှင့် ခရီးသည်နှစ်ဦးဖြစ်သော အသက် ၅၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ်ယောက်ျားလေးတစ်ဦးတို့ ဒဏ်ရာအနည်းငယ်စီရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ဗြိတိန်အစိုးရ၏ လေကြောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေးဌာနခွဲ (AAIB) က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်ပြီဖြစ်ကြောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို