ဟင်္သာတ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ် နှင့် သိပ္ပံဘာသာရပ် သုတေသနအခြေပြု၊ ပရောဂျက်အခြေပြု သင်ကြားမှုဖြစ်သည့် (Project Based Learning ) ခေါင်းစဉ်ဖြင့် “သုတေသနစကားဝိုင်း” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာခိုင်ခိုင်စန်းက အမှာစကားပြောကြားပြီး သုတေသနစကားဝိုင်းများကို ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် စီးပွားရေးပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာစုလှိုင်ဦး ဦးဆောင်ပြီး ဝိဇ္ဇာဘာသာရပ် ဆရာ ဆရာများနှင့်အတူ “Effective Project Based Learning for Teachers and Students” ခေါင်းစဉ်ကို အခြေခံ၍ဆွေးနွေးပြီး သိပ္ပံဘာသာရပ်များအတွက် ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ တင်မြင့်ဦးက ဦးဆောင်ပြီး သိပ္ပံဘာသာရပ် ဆရာဆရာမများနှင့်အတူ “သုတေသနကို အခြေခံကာ သင်ကြားရေးကို မြှင့်တင်ပါ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


