နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ငန်းတေးဂေါက်ကလပ်၌ ကျင်းပသည်။
ပြိုင်ပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Smoke Ball ရိုက်၍ ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင်အားကစားသမား၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ထံ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ အမှတ်တရလက်ဆောင်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားဆုရရှိကြသူများ၊ ရိုက်ချက်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုများပေးအပ်ကြသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲကို မော်လမြိုင်မြို့ အမှတ် (၈) အခြေခံပညာအထက်တန်း ကျောင်း ယင်းမာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် (Grade 5) ကျောင်းသူ ကျောင်းသားများ၏ အင်္ဂလိပ်စာစွမ်းရည်ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကာ ပြိုင်ပွဲအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


