မန္တလေး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အကြား ညီအစ်မမြို့တော်ထူထောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားမှု၊ လက်မှတ်ရေးထိုးပြီး မြို့နှစ်မြို့အကြား ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် အဆိုပါအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ချမ်းမြသာစည်မြို့နယ်ရှိ IBIS Styles ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


