နေပြည်တော် နိုဝင်ဘာ ၃

 

ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်တွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။

 

ဆွေးနွေး

 

တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေး၊ လေကြောင်းလိုင်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံ၌ နှစ်စဉ်ကျင်းပသည့် ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာပါ အချက်များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံအစားအသောက်နှင့် အချက်အပြုတ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဌာန ထူထောင်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအမျိုးသားစာကြည့်တိုက်များအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပေးအပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒေါ်နုမြဇံနှင့် ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

 

သတင်းစဉ်