မန်စီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ နိုဝင်ဘာ ၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အနိုင်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းခဲ့ပါတယ်။

 

မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဟာလန်းကနှစ်ဂိုး၊ ရွိုင်လီကတစ်ဂိုး သွင်းယူပေးခဲ့ကာ ဘုန်းမောက်အသင်းအတွက် ချေပဂိုးကိုတော့ တေလာအဒမ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းကတော့ ယခုဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်သွင်းဂိုး ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ တေလာအဒမ်ကတော့ ဘုန်းမောက်အသင်းနဲ့အတူ ပထမဆုံးဂိုးသွင်းယူနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရရှိပြီး အဆင့်(၂)နေရာ တက်လှမ်းနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းရဲ့ရမှတ်ကို လိုက်မီဖို့ ခြောက်မှတ်အထိ ကွာဟနေသေးတာဖြစ်ပါတယ်။

 

ဘုန်းမောက်အသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားအဆင့်(၄) နေရာကို ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်မှာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 

ငွေကြယ်