ဘုတ်ပြင်း နိုဝင်ဘာ ၄

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက ဦးဆောင်၍ ဘုတ်ပြင်း-အုန်းတော် ကမ်းတံတား အနီးရှိ ဘုတ်ပြင်းချောင်း အတွင်း၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဆီမီးမျှောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

လွှတ်တင်ပူဇော်

 

ဦးစွာ ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းကို နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက စုပေါင်း၍ မီးပုံးပျံများကို လွှတ်တင်ပူဇော်ကြကာ ဘုတ်ပြင်း ချောင်းအနီးရှိ သတ်မှတ်ထားသည့် နေရာတွင် ဆီမီးများကို စုပေါင်း ထွန်းညှိမျှောကြသည်။ ဆီမီး မျှောပွဲသို့ လာရောက်ကြသည့် ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဆီမီးထွန်းညှိပူဇော် မျှောနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

အဆိုပါ ဘုတ်ပြင်း-အုန်းတော ကမ်းတံတားအနီး တစ်လျှောက်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ သွားလာ အပန်းဖြေလည်ပတ်နိုင်ရန် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပျော်ပွဲရွှင်ပွဲများနှင့် ဒေသ စားသောက်ဖွယ်ရာဖြင့် ညဈေးရောင်းပွဲတော်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ဝေးရပ်နီး ခရီးသွားသူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)