အစ္စလာမာဘတ်    နိုဝင်ဘာ    ၄

ပါကစ္စတန်နိုင်ငံ၏    ဖွံ့ဖြိုးရေးအတွက်   ရေကြောင်းကုန်သွယ်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်နေကြောင်း ပါကစ္စတန်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး မိုဟာမက်အာရန်ဇက်က နိုဝင်ဘာ ၄ ရက်တွင်  ပြောကြားသည်။

၂၀၄၇ ခုနှစ်တွင် ရေကြောင်းကုန်သွယ်မှုလုပ်ငန်းဝင်ငွေ ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရောက်ရှိရန် အလားအလာရှိသည့် ပါကစ္စတန်နိုင်ငံသည် ၎င်းကုန်သွယ်မှုလုပ်ငန်းတွင် မူဝါဒဆိုင်ရာပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နေသည်။ 

လက်ရှိတွင်   ရေကြောင်းကုန်သွယ်ရေးကဏ္ဍသည်    အမျိုးသားပြည်တွင်း အသားတင်ထုတ်ကုန်၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့် ပံ့ပိုးပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆိပ်ကမ်းလုပ်ငန်းများ ခေတ်မီစေရေးနှင့်  ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နေပြီး ဒေသတွင်းကုန်သွယ်ရေးချိတ်ဆက်မှုကို အားကောင်းစေရန်အတွက် ကွာဇန်ဆိပ်ကမ်းနှင့် ဂွါဒါဆိပ်ကမ်းတို့အား အဆင့်မြှင့်တင်နေသည်။ 

ထို့ပြင် ကမ်းလွန်လေစွမ်းအင်ထုတ်လုပ်ခြင်းအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ၏ အလားအလာကို အသုံးချသွားမည်ဟု ၎င်းကပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ