ဂျကာတာ နိုဝင်ဘာ ၄

ယခုနှစ်    ပထမ ကိုးလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့   နိုင်ငံတကာခရီးသွား   ၁၁  ဒသမ  ၄၃   သန်း ဝင်ရောက်မှုရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၁၀ ဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အင်ဒိုနီးရှားစာရင်းအင်းရုံး (ဘီပီအက်စ်) က နိုဝင်ဘာ ၃ ရက်တွင် ပြောသည်။

စက်တင်ဘာလတစ်လတည်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားအရေအတွက်မှာ ၁ ဒသမ ၃၉ သန်းရှိပြီး ယမန်နှစ်ကထက် ၉ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ စက်တင်ဘာလတွင်   အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခရီးသွားအရေအတွက် အများဆုံးမှာ မလေးရှား၊  ဩစတြေးလျနှင့် စင်ကာပူနိုင်ငံတို့မှဖြစ်ကြောင်း  ဘီပီအက်စ်၏ ဖြန့်ဖြူးရေးနှင့် စာရင်းအင်းဝန်ဆောင်မှုဌာန ဒုတိယအကြီးအကဲဖြစ်သူ ပူဂျီ အစ်မာတီနီက ပြောသည်။                                                         

ဆင်ဟွာ