ဆိုးလ် နိုဝင်ဘာ ၄
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အေအိုင်ခေတ်တစ်ခေတ်ကို ဖွင့်လှစ်တော့မည်ဟု နိုဝင်ဘာ ၄ ရက်က ကတိပြုပြောကြားခဲ့သည်။
အမျိုးသားညီလာခံ ဘတ်ဂျက်မိန့်ခွန်းတွင် မိမိတို့အစိုးရသည် ၂၀၂၆ ဘတ်ဂျက်တွင် ၇၂၈ ထရီလီယံ ဝမ် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်နှိုင်းယှဉ်လျှင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း လီက ပြောသည်။ ကမ္ဘာ့ထိပ်တန်း အေအိုင်နိုင်ငံကြီးသုံးခုတွင် တစ်နိုင်ငံဖြစ်စေရန် အေအိုင်နည်းပညာသစ်တွင် ရင်းနှီးမြှုပ်နှံမှုသည် လာမည့်နှစ်တွင် ဝမ် ၁၀ ဒသမ ၁ ထရီလီယံအထိ တိုးမြှင့်ခွဲဝေချထားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သုံးဆကျော်ပိုများကြောင်း လီက ဆက်လက်ပြောကြားသည်။
သမားရိုးကျလက်နက်စနစ်များကို အေအိုင်ခေတ်နှင့်သင့်တော်သည့် ခေတ်မီလက်နက်များအဖြစ် ပြန်လည်ဖွဲ့စည်းရန်နှင့် AI နှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် အရည်အချင်းများမွေးမြူရန် သမ္မတက ကတိပြုခဲ့သည်။
ဆင်ဟွာ


