နိုဝင်ဘာ ၅
အမေရိကန်နိုင်ငံတောင်ပိုင်း ကင်တပ်ကီပြည်နယ်ရှိ လူးဝစ်ဗီးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ကုန်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု ဒေသခံအာဏာပိုင်များကဆိုသည်။
ဟာဝိုင်အီသို့ ဦးတည်ပျံသန်းနေသော လေယာဉ်သည် ထိုလေဆိပ်မှထွက်ခွာပြီးနောက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက ပြောကြားသည်။
လေယာဉ်အော်ပရေတာ၏ပြောကြားချက်အရ ယင်းလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦး လိုက်ပါလာသည်ဟု သိရသည်။
မီးခိုးမည်းများနှင့် မီးတောက်များ ကောင်းကင်ယံသို့တက်လျက်ရှိပုံနှင့် လေယာဉ်ပျက်ကျရာနေရာအနီးတွင် မီးသတ်ကားများစွာ ရှိနေပုံကို ဗွီဒီယိုတွင် ပြသထားသည်။
ဒေသခံမီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


