ဟနွိုင်း နိုဝင်ဘာ ၄
ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်သည် နိုဝင်ဘာ ၄ ရက်က တိုင်ဖွန်းမုန်တိုင်း ကယ်မဲ့ဂျီအတွက် ကြိုတင်ပြင်ဆင်ထားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အေဂျင်စီများ၊ ဒေသဆိုင်ရာအာဏာပိုင်များ ကို တိုက်တွန်းထားသည်။
ယင်းတိုင်ဖွန်းမုန်တိုင်းသည် ဗီယက်နိုင်ငံသို့ ဝင်ရောက်နိုင်သည့် ၁၃ လုံးမြောက် မုန်တိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း ရေအားလျှပ်စစ်-မိုးလေဝသခန့်မှန်းချက် အမျိုးသားဗဟိုဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် သေဆုံးသူဦးရေ ၄၀ အထိမြင့်တက်လာခဲ့ပြီး ခြောက်ဦးပျောက်ဆုံးလျက်ရှိကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဗီယက်နမ် သဘာဝဘေးနှင့် တာတမံစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် အစီရင်ခံဖော်ပြခဲ့သည်။
အိမ်ခြေ ၈၀၀၀၀ နီးပါး ရေလွှမ်းမိုးနစ်မြုပ်ခဲ့သည်။ ထို့အတူ အိမ်ခြေ ၁၀၄ လုံးရေမျောပါခဲ့ပြီး ၄၅၃ လုံးပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ စပါးနှင့် ကောက်ပဲသီးနှံ ဟတ်တာပေါင်း ၁၀၈၀၀ ခန့် ရေကြီးနစ်မြုပ်ခဲ့သည်။
ထို့အပြင် အိမ်ခြေ ၁၆၃၂၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဆင်ဟွာ


