နိုဝင်ဘာ ၅
အိန္ဒိယနိုင်ငံအလယ်ပိုင်း ချက်တစ်ဂတ်ရှ်ပြည်နယ်တွင် ယမန်နေ့က ရထားမတော်တဆမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ရှစ်ဦးအထိ မြင့်တက်လာပြီး ၁၇ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။
အဆိုပါရထား၏အပျက်အစီးများထဲတွင် လူနှစ်ဦးထက်မနည်း ပိတ်မိနေဆဲဖြစ်သည်ဟုသိရသည်။ ထိုရထားမတော်တဆမှုသည် ယင်းပြည်နယ်၏ ဘီလတ်စ်ပါခရိုင်တွင် ခရီးသည်တင်ရထားတစ်စင်းက ရပ်နေသော ကုန်တင်ရထားတစ်စင်းကို ဝင်တိုက်မိခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းဒဏ်ရာရရှိသူများကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဘီလတစ်ပါခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


