တန့်ယန်း နိုဝင်ဘာ ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်ရှိ အောင်တော်မူ စေတီတော်ကြီးတွင် တန်ဆောင်မုန်းလပြည့် (သာမညဖလနေ့) ဗုဒ္ဓပူဇနိယ ဆီမီးထွန်းပူဇော်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲကို နိုဝင်ဘာ ၄ ရက်ညက အောင်တော်မူစေတီတော်၌  ကျင်းပသည်။

 

အဆိုပါ အောင်တော်မူ စေတီတော်ကြီးတွင် ဆီမီးထွန်းပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများ၊  ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စေတီတော်တွင် ဆီမီးထွန်းပူဇော်ပြီး ရင်ပြင်တော်တွင် မီးပုံးပျံလွှတ်တင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။        

 

မင်းလွင်ဦး(တန့်ယန်း)