ညောင်ဦး နိုဝင်ဘာ  ၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီမှစတင်ကာ  ရွှေစည်းခုံ ဘုရားကြီးနှင့် သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ  ရှေးဟောင်း စေတီပုထိုးများကို ဆီမီးပူဇော်ခဲ့ကြပြီး ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ်ကျောင်း ပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာ  ပတ်ဝန်းကျင်ရှိ ဘုရားများ၊ ရွှေဆံတော်ပတ်ဝန်း ကျင်ရှိဘုရားများ၊ အနော်ရထာ လမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများက ဆီမီးများ ပူဇော်ခဲ့ ကြခြင်းဖြစ်သည်။  ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၈ ဆူ ဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊မဟာ ဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊  ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊  ပြဿကြီးဘုရားတို့တွင်လည်း ဆီမီးပူဇော်ကြကြောင်း သိရသည်။

 

အစဉ်အလာမပျက် ဆီမီးပူဇော်

 

တန်ဆောင်မုန်း  လပြည့်နေ့ ညနေပိုင်းအချိန်မှ  စတင်ကာ မိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုများ၊ ဒေသခံများ၊ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အစဉ်အလာမပျက် ဆီမီးပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

         

ဒီပါလင်း