စစ်တွေ နိုဝင်ဘာ ၅
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကဘာကွင်း၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ရခိုင်မင်္ဂလာ စည်တော်တီး၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ဗုဒ္ဓပူဇနိယ ယိမ်းအကဖြင့် ကပြဖျော်ဖြေနေမှု၊ ရခိုင်ဂန္ထဝင်အဆိုကျော် ဦးမောင်သိန်း၊ အဆိုကျော် မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်းတို့က ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြပြီး ဝင်္ကဘာကွင်း အတွင်းမှ မီးပုံးပျံများ လွှတ်တင်ကြကာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တည်ဆောက်ရေး ကုမ္ပဏီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စတုဒိသာ ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများသည် လောကာနန္ဒာစေတီတော် မြတ်ကြီး၌ ကျင်းပသော တန်ဆောင်တိုင်ပွဲတော် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲသို့ တက်ရောက်ကြပြီး လောကာနန္ဒာ စေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဦးဆောင်ကာ ဆီမီး ထွန်းညှိပူဇော်ပေးကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက ဆီမီးထွန်းညှိပူဇော်မှုကို ကြည့်ရှုအားပေးကြကာ စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။
ထို့အတူ တန်ဆောင်တိုင်ပွဲတော် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲကို အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၊ ရန်ပြေမာန်ပြေ ဗဟိုကိုးနဝင်း ဓာတုဧးစေတီနှင့် ရန်ပြေမာန်ပြေ ဘုရားကြီးတို့၌ ကျင်းပကြရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


